မြန်မာပြည်အလယ်ပိုင်းတွင် အင်အားပြင်း မြေငလျင်လှုပ်ခတ်
Автор: MizzimaTV
Загружено: 2022-12-14
Просмотров: 65059
Описание:
မြန်မာပြည်အလယ်ပိုင်းတွင် အင်အားပြင်း မြေငလျင်လှုပ်ခတ်
007၊ မေဘယ်လ်သူ
မဇ္ဈိမ(မန္တလေး)။ ။မြန်မာပြည်အလယ်ပိုင်း တံတာဦးမြို့အနီးတွင် ပြင်းအားရစ်(ချ်)တာစကေး ၅ ဒသမ ၂ အဆင့်ရှိ အင်အားပြင်းမြေငလျင်တစ်ခု ယနေ့ ဒီဇင်ဘာလ ၁၅ရက် နံနက်အစောပိုင်းက လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာ(တံတားဦးမြို့၏အရှေ့ဘက် လေးမိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၁ ဒသမ ၈၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၀၃ ဒီဂရီ၊ အနက် ၆၃ ကီလိုမီတာကိုဗဟိုပြု၍ ယနေ့ နံနက် ၃ နာရီ ၁၆ မိနစ်နှင့် ၃၅ စက္ကန့် အချိန်ခန့်တွင် အင်အားအသင့်အတင့်ရှိငလျင် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း ဆိုသည်။
"ဒုန်းကနဲ အသံနက်ကြီးနဲ့ တစ်တိုက်လုံးရမ်းခါသွားတယ်၊ ခံစားချက် အရမ်းသိသာတယ်ကွာ၊ အရင်ကလည်း ငလျင်ဒဏ်ခံခဲ့ဖူးတယ်၊ အခုက အဲဒီထက်ပြင်းတယ်လို့ပြောလို့ရတယ်၊ ဒုန်းဒုန်းဒုန်းဒုန်းနဲ့ ဆက်တိုက်ကြီး သုံးလေးစက္ကန့်လောက်လှုပ်သွားတာ" ဟု မန္တလေးမြို့လယ်ခေါင်တိုက်ခန်းတစ်ခုတွင်နေထိုင်သူက ပြောသည်။
ကလောမြို့ခံ တစ်ဦးကလည်း "မနက် ၃နာရီက ကမ္ဘာ့ဖလားဘောလုံးပွဲကြည့်နေတဲ့အချိန်မှာ အိမ်ပေါ်ကို လူတွေပြေးတက်လာသလိုခံစားရတော့ လန့်သွားတယ်။ ငြိမ်ပြီးဆက်နားထောင်တော့ အိမ်ကတုန်ခါသွားတယ်။ ပြီးမှ ငလျင်လှုပ်တာမှန်းသိရတာ" ဟု ဆိုသည်။
မြေငလျင်လှုပ်ခတ်မှုဒဏ်ကို မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အဓိက ခံစားကြရကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အောက်တွင် လူအများ၏ မှတ်ချက်ပြုမှုများအရ သိရသည်။
" မန်းလေး ငလျင် တော်တော်ကြမ်း။ ဘဝမှာ တစ်ခါမှ မကြုံဖူး၊ ကြောက်စရာကြီး၊ ရင်တွေတောင်တုန်ပြီး လန့်အော်မိတယ်။ အားလုံးဘေးကင်းကြပါစေ " ဟု မန္တလေး မြို့ခံတစ်ဦးကလည်း ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွခ် စာမျက်နှာတွင် မှတ်ချက်ပြုရေးသားထားသည်။
"ဆွဲခါရမ်းလိုက်သလိုကို လှုပ်သွားတာ၊ အသံကြီးကလဲည်း ကြောက်စရာကြီး၊ ကြုံဖူးသမျှထဲအကြမ်းဆုံးပဲရော၊ အိပ်ပျော်ရာကနေ လန့်နိုးတာပဲ" ဟု နောက်ထပ် မန္တလေးမြို့ခံတစ်ဦးကလည်း ရေးသားထားသည်။
ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ရှိ ဘုရားနှင့် ဘုန်ကြီးကျောင်းအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး အသေးစိတ်ကို မဇ္စျိမမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ငလျင်လှုပ်ခတ်မှု
#မန္တလေးမြို့မြေငလျင်စခန်း
#တံတာဦးမြို့
#မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
Join this channel to get access to perks:
/ @mizzimanewstv
Follow us:
Facebook ( Myanmar Language) https://bit.ly/3BuWBSJ
Facebook (English language) https://bit.ly/3d5g1V2
Facebook (Mizzima+TV) https://bit.ly/3eGNjdl
Twitter https://bit.ly/3Dbvqh1
Telegram https://bit.ly/3RRn2rk
Tiktok https://bit.ly/3xngMzE
Get Mizzima TV App Free : https://onelink.to/jnuwak/
Website:
https://www.mizzima.com/ https://www.mizzimaburmese.com/ https://www.mizzima.tv/
.........................................
About Us :
Mizzima TV is an Online TV content provider that is run by Burmese journalists who are based in neighboring countries of Burma (Myanmar).We strive to produce world-class contents for Burmese as well as those who care about Burma affairs.
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: