"လူကြီးတော့ ဒုက္ခကြီးသဗျ" (ရှုမဝမဂ္ဂဇင်း၊ ၁၉၆၂ မတ်လ) စာရေးသူ - ရန်အောင်
Автор: Listener's Heaven Audiobooks
Загружено: 2025-12-26
Просмотров: 7954
Описание:
"လူကြီးတော့ ဒုက္ခကြီးသဗျ"
(ရှုမဝမဂ္ဂဇင်း၊ ၁၉၆၂ မတ်လ)
စာရေးသူ - ရန်အောင်
စာဖတ်သူ - ယံဇငြိဏ်း
ကြာချိန် - ၂၈ : ၄၄ မိနစ်
စာမြည်း
“ငါ့အဖြစ်က တမျိုးပါကွာ.... ငါ့မယားဟာ မကျန်းမမာဖြစ်ပြီး သေသွားရင် ငါနောက်ထပ် အိမ်ထောင်ပြုချင်တော့မှာ မဟုတ်ပါဘူး...။ သွားလေသူ မယားမျက်နှာကို မြင်တိုင်း-မြင်တိုင်း သွားလေသူ့အကြောင်း တွေးတိုင်း- တွေးတိုင်း နောက်သား-နောက်မယားယူချင်တဲ့စိတ် ပျောက် သွားမှာဘဲကွ။ နောက်ပီးတော့ ငါ့မယားနဲ ငါ စိတ်အခိုက်မသင့်လို့ ရန်ခိုက်ဒေါသဖြစ်ပြီး ကွဲကြရင်လဲ ငါနောက်ထပ် မိန်းမယူချင်မှ ယူမယ်ကွ.. ခုတော့ကွာ... ခုတော့.... ခုတော့....”
ဦးကြာဇန်က စကားဖြတ်ကာ ဆွေးမြေ့ပန်းလှသော မျက်နှာကြီးဖြင့် တွေဝေငေးမောနေသည်။ အတန်ကြာမှ ဆက်၍စကားပြော၏။
“ခုတော့… ငါ့မှာဖြစ်ရပုံက အသဲနာစရာ ကောင်းလှသကွာ....ငါ့မိန်းမကို လင်ငယ်နဲ့ လက်ပူးလက်ကျပ်မိလို့ လင်ငယ်နဲ့ပေးစားလိုက်ရတာကွ.... ဟင်း.... " ဦးကြာဇန်သည် သက်မကြီးချကာ … မရှူနိုင်မမြှိုက်နိုင်ဖြစ်နေရှာသည်။
“ဒီတော့ ငါ့မယားအကြောင်းကို စဉ်းစားလိုက်တိုင်း ငါ့မှာ အိမ်မြှောင်အမြီးပြတ် ဖြစ်ပြီး မနေနိုင်မထိုင်နိုင် ဖြစ်ရသကွ... ညအိပ်ခါနီးတဲ့အခါ ငါ့မယားကို သတိရလွန်းလို့ မအိပ်နိုင်ဘူးကွ”
“ဒါဖြင့်လဲ ဦးကြဇန်ရယ်...ဦးကြာဇန့် မယားနဲ ပြန်ပေါင်းလိုက်ပါတော့လား...."ဟု ကြားရသူက ဝင်၍ပြော၏။
“ဟ…. သူ့မှာ လင်ငယ်ကလေးနဲ့ ပျော်မွေ့ နေပေါ့ဟာ, ငါက ပေါင်းချင်လို့ ဖြစ်ပါတော့မလား... နောက်ပီးတော့.... ဒီလိုမိန်းမမျိုးဟာ နောက်လဲ ဒီလိုဘဲ အကျင့်ဖောက်ပြားတော့မှာပေါ့…. နောက်တခါဆိုရင် ငါ့ကိုသတ်သွားမယ်ကွ.... သတ်သွားမယ်.... - "
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
🔰 https://fliphtml5.com/site/13979096/i...
#lhaudiobooks #audiobooks
#မြန်မာဝတ္ထု #ရှုမဝ
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: