ycliper

Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
Скачать

People's Spring | အရှုပ်အထွေးတွေက ဖန်တီးတည်ဆောက်ပေးခဲ့တဲ့ ဆရက်သာအတွက် ထိုင်းဝန်ကြီးချုပ် နေရာ

Автор: People's Spring

Загружено: 2023-07-23

Просмотров: 38238

Описание: People's Spring | အရှုပ်အထွေးတွေက ဖန်တီးတည်ဆောက်ပေးခဲ့တဲ့ ဆရက်သာအတွက် ထိုင်းဝန်ကြီးချုပ် နေရာ

People's Spring

ထိုင်းနိုင်ငံရေးအတွက် ရင်မောစရာ သီတင်းပတ် တချို့ကို ဖြတ်သန်းခဲ့တဲ့နောက် နိုင်ငံခေါင်းဆောင် ဝန်ကြီးချုပ်သစ် တစ်ဦး တင်မြှောက်နိုင်ရေး ကိစ္စက ရုပ်လုံးပေါ်စတော့ ပြုလာပါပြီ။ မေလလယ်က ကျင်းပခဲ့တဲ့ အောက်လွှတ်တော် ရွေးကောက်ပွဲတွေမှာ အမတ်နေရာ အများဆုံး၊ မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ Move Forwardပါတီရဲ့ ခေါင်းဆောင် ဖီထာ လင်မ်ဂျရွန်ရတ်ရဲ့ ဝန်ကြီးချုပ်ဖြစ်ရေး အားထုတ်မှုတွေဟာ အငြင်းပွားစရာ အခြေအနေတွေနဲ့ အဆုံးသတ်သွားခဲ့တဲ့နောက် ဒုတိယ မဲအများဆုံး ရခဲ့တဲ့ ဖျူထိုင်း ပါတီက သူတို့ရဲ့ ဝန်ကြီးချုပ်လောင်း တစ်ယောက်ကို အဆိုပြုဖို့ အသင့်ဖြစ်လာခဲ့ပါပြီ။ ဖီထာကို ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြုခဲ့တဲ့ အချိန်တုန်းက မူဝါဒရေးရာ ပွတ်တိုက်မှုတွေကြောင်း ခါးခါးသီးသီး ငြင်းဆန်ခဲ့တဲ့ လွှတ်တော်အမတ် အများစုဟာ ဒီတစ်ကြိမ်မှာတော့ သဘောထား ပျော့ပျောင်းလာမယ်လို့ ယူဆရပါတယ်။ တစ်နည်းအားဖြင့် ဇူလိုင် ၂၇ ရက်ကျရင် PTPက အဆိုပြု တင်သွင်းမယ့် ပုဂ္ဂိုလ်ဟာ ထိုင်းရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ အတော်လေး ရာခိုင်နှုန်း များနေပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ပြုပြင်ပြောင်းလဲရေး အင်အားစု တစ်ခုဖြစ်တဲ့ MFPဟာ လွှတ်တော်ထဲမှာတော့ ရွေးကောက်ခံ မဟုတ်တဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် အထက်လွှတ်တော် အမတ်အများစုရဲ့ တူးတူးခါးခါးနဲ့ ခေါင်းမာမာ ငြင်းဆိုမှုတွေကို ကြုံခဲ့ရတဲ့အပြင် ဖီထာ ကိုယ်တိုင်ပါ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် လွှတ်တော်အမတ် အဖြစ်ကနေ ဆိုင်းငံ့ခြင်း ခံထားရပါတယ်။ ပြည်သူအများစု မဲပေးရွေးချယ်ပြီး ယုံကြည် အပ်နှင်းလိုတဲ့ ပါတီနဲ့ ခေါင်းဆောင်ကို အခုလို တုံ့ပြန် ဆက်ဆံခဲ့တဲ့ ထိုင်းနိုင်ငံရေးက စိတ်ပျက်စရာ ကောင်းလွန်းနေတာ အမှန်ပါပဲ။ ဒါပေမဲ့ မျှတမှု မရှိတဲ့တိုင် ရှိရင်းစွဲ စည်းမျဉ်းတွေကို မျက်ကွယ်ပြုထားလို့ မရတာကြောင့် MFPဟာ ဖီထာရဲ့ ဝန်ကြီးချုပ် ဖြစ်ခွင့် အိပ်မက်ကို စွန့်လွှတ်ဖို့ အချိန်တန်ပြီ ဆိုတာကို လက်ခံလိုက်ပါတယ်။ ၈ ပါတီ မဟာမိတ် နိုင်ငံရေး အင်အားစုထဲက ဒုတိယ အားအကောင်းဆုံး အစုအဖွဲ့ဖြစ်တဲ့ PTPဆီက အဆိုတင်လာမယ့် ဘယ်ဝန်ကြီးချုပ်လောင်းကိုမဆို လွှတ်တော်ထဲမှာ မဲပေး ထောက်ခံသွားမယ်လို့ MFPက ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အထက်လွှတ်တော်ကလည်း ဒီတစ်ကြိမ်မှာတော့ အတော်လေး အလျှော့ပေး လိုက်လျောမယ့် အရိပ်အယောင်တွေလည်း မြင်နေရတာကြောင့် PTPရဲ့ ဝန်ကြီးချုပ်လောင်းကတော့ ဇူလိုင် ၂၇ ရက် မဲပေးဆုံးဖြတ်မှုကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်မယ်လို့ ယုံကြည်ရပါတယ်။ ထိုင်းနိုင်ငံရေးရဲ့ သောင်မတင် ရေမကျ အခြေအနေကိုလည်း အဲဒီနေ့မှာ အဆုံးသတ်နိုင်ဖို့ မျှော်လင့်ရပါတယ်။ အရေးကြီးတာက PTPကို ကိုယ်စားပြုလာမယ့် ဝန်ကြီးချုပ်က ဘယ်သူဖြစ်မလဲ ဆိုတာပါ။ PTP ခေါင်းဆောင်ပိုင်းမှာ ဝန်ကြီးချုပ် နေရာအတွက် ထည့်စဉ်းစားသင့်သူ ၃ ယောက်၊ ၄ ယောက်လောက် ရှိပါတယ်။ အဲဒီထဲကမှ ဆရက်သာ သာဗင်ဆင်နဲ့ ပေတွန်တန် ရှီနာဝပ်ထရာတို့က အားအကောင်းဆုံး လျာထားခံရသူတွေ ဖြစ်ခဲ့ပါတယ်။


ဆရက်သာကတော့ PTPဟာ အဲဒီဥပဒေ ပြင်ဆင်ရေး ကိစ္စကို မူအားဖြင့် ဘယ်တုန်းကမှ မထောက်ခံဘူးလို့ ပြောထားပါတယ်။ သူက PTP ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရ အာဏာရလာရင်လည်း ဥပဒေ ပြင်ဆင်တဲ့ ကိစ္စကို လုံးဝ အားထုတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီတော့ MFPအစား PTPက ပြောင်းလဲ ဦးဆောင်လာမယ့် ညွန့်ပေါင်း အစိုးရက အထက်လွှတ်တော် ထောက်ခံမဲတွေ ပိုမိုရရှိနိုင်ရေး ဆွေးနွေး စည်းရုံးရာမှာ ဒီအချက်က တော်တော်လေး ခရီးရောက်မယ့် သဘောပါပဲ။

ဇူလိုင် ၁၃ ရက် မဲခွဲမှုမှာတုန်းက ဖီထာဟာ လွှတ်တော်နှစ်ရပ်ပေါင်း ထောက်ခံခဲ ၃၂၄ မဲသာ ရခဲ့ပါတယ်။ ဝန်ကြီးချုပ် ဖြစ်လာမယ့် ပုဂ္ဂိုလ်ဟာ လွှတ်တော်ထဲမှာ စုစုပေါင်း ထောက်ခံမဲ ၃၇၆ မဲထက်မနည်း လိုအပ်ပါတယ်။ ဇူလိုင် ၂၇ ရက် မတိုင်ခင် ၈ ပါတီ နိုင်ငံရေး မဟာမိတ် အင်အားစုနဲ့ အထက်လွှတ်တော် အမတ်တွေ အကျေအလည် ဆွေးနွေးကြရာမှာ ဆရက်သာက အဲဒီ မဲကွာဟချက်ကို ပပျောက်သွားအောင် စည်းရုံးရမှာ ဖြစ်ပါတယ်။

စဉ်းစားကြည့်မယ်ဆိုရင် ဆရက်သာဟာ နိုင်ငံရေး လောကထဲ ခြေစုံပစ် ဝင်လာပြီး ၁ နှစ်လောက် အကြာမှာပဲ အခြေအနေ အရပ်ရပ်က သူ့ကို ဝန်ကြီးချုပ်ဖြစ်အောင် ဝိုင်းတွန်းတင်ပေးသလို ဖြစ်နေပါတယ်။ တကယ်တော့ သူဟာ ပေတွန်တန်ရဲ့ အဖွဲ့ဝင် တစ်ဦးအနေနဲ့သာ ကနဦးမှာ စတင် လှုပ်ရှားခဲ့ပေမယ့် ပါတီတွင်း ထောက်ခံမှုတွေက အရမ်း အားကောင်းလာခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာ လူထု ထောက်ခံမှု အများဆုံး ရခဲ့တဲ့ ဖီထာကပါ အခက်အခဲပေါင်းစုံ ကြုံပြီး နေရာဖယ်ပေးရသလို ဖြစ်သွားပြန်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း PTPရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရင် ဆရက်သာဟာ ပါတီကိုယ်စားပြုပြီး အဓိက ဆုံးဖြတ်ပြောဆိုသူ ပုံရိပ်မျိုး ပိုမို ပေါ်လွင်လာတာကို တွေ့ရပါတယ်။ PTPက ဘုရင်စနစ် ကာကွယ်ရေး ဥပဒေကို မပြင်ပါဘူးဆိုတဲ့ ကတိကဝတ်တွေကို သူ့နှုတ်ထွက် စကားနဲ့ အတည်ပြုစေခဲ့တာမျိုးတွေက အထက်လွှတ်တော် အမတ်တွေနဲ့ ညှိနှိုင်းမှုမှာ ဆရက်သာကို ရှေ့တန်းတင်လာမယ့် ပါတီရဲ့ အခင်းအကျင်းတွေလည်း ဖြစ်နိုင်ပါတယ်။

“မရွယ်ဘဲ စော်ကဲမင်းဖြစ်”ဆိုတဲ့ မြန်မာ စကားပုံဟာ ဆရက်သာအတွက်တော့ ကွက်တိမှန်ကန်မယ့် သဘောပါပဲ။ ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံး ရခဲ့တဲ့ MFPနဲ့ ပါတီခေါင်းဆောင် ဖီထာတို့ အတွက်တော့ လက်ရှိ အခြေအနေတွေက မမျှတလွန်းရာ ရောက်နေတာ သေချာပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ဝန်ကြီးချုပ် ဘယ်သူဖြစ်မလဲ ဆိုတာထက် ထိုင်းမှာ ဒီမိုကရေစီ ပြန်လည် ခိုင်မာရေးက ပိုမို ဦးစားပေးရမယ့် အခြေအနေမျိုး ရောက်နေမှန်း ဖီထာရော၊ MFP ခေါင်းဆောင်တွေပါ နားလည်ထားပါလိမ့်မယ်။ သူတို့ဟာ မဟာမိတ် PTPက အဆိုပြုလာမယ့် ဝန်ကြီးချုပ်လောင်း၊ အတိအကျ ရည်ညွှန်းရရင်တော့ ဆရက်သာရဲ့ နောက်မှာ မားမားရပ်ပြီး ထောက်ခံ အားပေးသွားကြရမှာ ဖြစ်ပါတယ်။

#လူထုနွေဦး
#LuduNwayOo
#People'sSpring
#PS
https://bit.ly/ludunwayoo
  / ludunwayoo  
  / ludunwayoo  
t.me/PeopleSpring (https://t.me/PeopleSpring)

Не удается загрузить Youtube-плеер. Проверьте блокировку Youtube в вашей сети.
Повторяем попытку...
People's Spring | အရှုပ်အထွေးတွေက ဖန်တီးတည်ဆောက်ပေးခဲ့တဲ့ ဆရက်သာအတွက် ထိုင်းဝန်ကြီးချုပ် နေရာ

Поделиться в:

Доступные форматы для скачивания:

Скачать видео

  • Информация по загрузке:

Скачать аудио

Похожие видео

ထရမ့် ကြိမ်းမောင်းပြီးနောက် အစ္စရေး - အီရန် ကြား အပစ်ရပ်ထား | People's Spring

ထရမ့် ကြိမ်းမောင်းပြီးနောက် အစ္စရေး - အီရန် ကြား အပစ်ရပ်ထား | People's Spring

ကျွန်တော့်ဆီက ပင်လယ်စာကို စားသွားလို့ ဗိုက်မကောင်းဖြစ်မှာ လုံးဝစိတ်ပူစရာမလိုပါဘူး

ကျွန်တော့်ဆီက ပင်လယ်စာကို စားသွားလို့ ဗိုက်မကောင်းဖြစ်မှာ လုံးဝစိတ်ပူစရာမလိုပါဘူး

RFA နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂၀၂၄ နိုဝင်ဘာ ၈ ရက် မနက်ပိုင်း)

RFA နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် (၂၀၂၄ နိုဝင်ဘာ ၈ ရက် မနက်ပိုင်း)

ГАЛЛЯМОВ о Путине в Курской области, словах Бастрыкина и саботаже переговоров 🎙️ Честное слово

ГАЛЛЯМОВ о Путине в Курской области, словах Бастрыкина и саботаже переговоров 🎙️ Честное слово

⚡️СВИТАН: СРОЧНОЕ решение по саммиту НАТО! Трамп и Путин заключили СДЕЛКУ? ШОКИРУЮЩИЙ прогноз

⚡️СВИТАН: СРОЧНОЕ решение по саммиту НАТО! Трамп и Путин заключили СДЕЛКУ? ШОКИРУЮЩИЙ прогноз

ဝန်ကြီးချုပ်ဆေထာ ရင်ဆိုင်နေရတဲ့အမှုတွေနဲ့ ထိုင်းနိုင်ငံရေး  - BBC News မြန်မာ

ဝန်ကြီးချုပ်ဆေထာ ရင်ဆိုင်နေရတဲ့အမှုတွေနဲ့ ထိုင်းနိုင်ငံရေး - BBC News မြန်မာ

Новости дня | 25 июня — утренний выпуск

Новости дня | 25 июня — утренний выпуск

Hlaing Win is live250625 M

Hlaing Win is live250625 M

ထိုင်း ဝန်ကြီးချုပ်သစ် ပေထုံထန် ရှင်နာဝပ်ဆိုတာ ဘယ်သူလဲ - BBC News မြန်မာ

ထိုင်း ဝန်ကြီးချုပ်သစ် ပေထုံထန် ရှင်နာဝပ်ဆိုတာ ဘယ်သူလဲ - BBC News မြန်မာ

Почему Трамп закончил войну с Ираном,ракетный удар по Днепру, чего ждать от саммита НАТО.Итоги 24.06

Почему Трамп закончил войну с Ираном,ракетный удар по Днепру, чего ждать от саммита НАТО.Итоги 24.06

© 2025 ycliper. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: [email protected]