ရွှေစာရံ - မာမာအေး
Автор: သုံးရွေ့လယ်
Загружено: 2025-03-25
Просмотров: 24981
Описание:
တပေါင်းလအညာပွဲတော်တခုဖြစ်တဲ့ရွှေစာရံဘုရားပွဲနဲ့ပတ်သက်လို့ သီချင်းတွေအကြောင်းပြောကြပြီဆိုရင် နန်းတော်ရှေ့ဆရာတင်ရဲ့ " ရွှေစာရံ " ဆိုတဲ့
ဂန္တ၀င်တေးလက်ရာကိုလဲ မေ့ထားလို့မရပြန်ပါဘူး။
ရွှေစာရံဘုရားပွဲနဲ့ပက်သက်တဲ့ သီချင်းများအနက်
" ထန်းရွက်ပုတီး "လောက်သာ လူသိများကျော်ကြားခဲ့ပြီး၊ အမေမြခြေကျင်းမငွေမြိုင်ရဲ့
" ရွှေစာရံ "အငြိမ့်တေးကိုတော့ ပြန်လည်ဖော်ထုတ်သူ နည်းပါးခဲ့ပါတယ်။
သို့သော်လည်း ဂန္တ၀င်တေးသံရှင် အမေမာမာအေးမှ ဆန်းသစ်သောသံစဥ်အတီးအဖွဲ့တို့နှင့်အတူပြန်လည်ဖော်ထုတ်၍ အရသာအသစ်ဖြင့်
တမျိုးတဘာသာ ပေါ်လွင်စေခဲ့ပါတယ်။
ခြေဆင်းအပိုဒ်ကစာသားများကိုတော့
နန်းတော်ရှေ့ဆရာတင်က ရှေးမြိုင်ထတပုဒ်ဖြစ်တဲ့
" ရွှေစာရံမြိုင်ထ " မှယူသုံးထားခြင်းဖြစ်ပါတယ်။ မူရင်းသီဆိုသူအမေမြခြေကျင်းမငွေမြိုင်မှ သူ့ကိုယ်သူဇနီးမယားအရာထားပြီး " ငွေမြိုင်ကညာစင် မယားပျို့မဒီခင် " ဟုတင်စားကာ၊ လင်သားဖြစ်သူအား ရွှေစာရံဘုရားပွဲသို့လိုက်ပို့ရန် အမျိုးမျိုးပူဆာပုံလေးတွေကို ချစ်စဖွယ်နားဆင်ရအောင် အမေမာမာအေး၏ပညာစွမ်းဖြင့် သုံးရွေ့လယ်မှ တင်ဆက်လိုက်ရပါတော့တယ်ခဗျာ ✨✨✨✨✨
Admin Too🌿
•••••••••••••••••••••••••••••••••••••••••••••••••
ရွှေစာရံ
~~~~~~~
တေးရေး - နန်းတော်ရှေ့ဆရာတင်
တေးဆို - မာမာအေး
မူရင်း - မြခြေကျင်းမငွေမြိုင်
[ Disclaimer: သီချင်း videoတွင်အသုံးပြုထားသော ဓာတ်ပုံမှတ်တမ်းတို့အား သက်ဆိုင်သူအသီးသီးထံသို့ Crd ပေးအပ်ပါသည် ]
#သုံးရွေ့လယ်
#မြန်မာသံစဥ်တေးဂီတ
#ရည်ညွှန်းသံချိုဂန္တ၀င်ဆို
#မာမာအေး
#နန်းတော်ရှေ့ဆရာတင်
Повторяем попытку...

Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: