အိမ်ခြံမြေအကျိုးဆောင်သင်တန်း Level 1
Автор: Aye M.M Mon LifeStyle Vlog
Загружено: 2023-01-09
Просмотров: 1452
Описание:
နှစ်သစ်မှာ Career Change ချင်လို့ပဲဖြစ်ဖြစ်၊ အလုပ်တစ်ခုလုပ်ပြီး စနေ၊တနဂ်နွေ အချိန်ပိုလို့ပဲဖြစ်ဖြစ်၊ သင်တန်းတွေတက်ရင်း အပိုဝင်ငွေရှာချင်လို့ဖြစ်ဖြစ် သင့်တော်တဲ့ အိမ်ခြံမြေအကျိုးဆောင်သင်တန်း Level 1(Batch 1,2)ကို ဖွင့်လှစ်ပါတော့မယ်။
သင့်အနေနဲ့ ကိုယ့်မူရင်းအလုပ်လည်း မပျက်ဘူး၊အပိုဝင်ငွေလည်းရချင်တယ်။
မိသားစုကို ပိုမိုပြီးထောက်ပံ့ဖို့ အလုပ်တစ်ခုပိုလုပ်ချင်တယ်။
သင်တန်းတွေတက်နေလို့ ဝင်ငွေတစ်ခုအပိုရချင်တယ်၊အိမ်ခြံမြေဗဟုသုတတွေရချင်တယ်ဆိုရင်တော့ ဒီသင်တန်းက သင်တို့အတွက်ပါ။ သင်တန်းတစ်ခါတက်လိုက်ရုံနဲ့ ကိုယ်အသုံးချရင် ချနိုင်သလို ဝင်ငွေအမြောက်အမြားရှာပေးနိုင်တဲ့ ဘယ်တော့မှမတိမ်ကောမယ့် အသက်မွေးဝမ်းကြောင်းတစ်ခုပါ။
ဒီသင်တန်းမှာ
-အကျိုးဆောင်၊ပွဲစားဆိုတာဘာလဲ?
-အရောင်းသမားတစ်ယောက်ရဲ့လိုအပ်တဲ့အရည်အချင်းကဘာတွေလဲ?
-တိုက်ခန်း၊ကွန်ဒိုတွေရဲ့အခေါ်ဝေါ်နဲ့ အသုံးအနူန်းတွေ၊အကျယ်အဝန်းတွက်ချက်ပုံတွေ
-တိုက်ခန်း၊ကွန်ဒိုဝယ်ရင် သိရမယ့်အချက်တွေနဲ့တောင်းရမယ့်အချက်အလက်တွေ
-ပါမစ်၊ဂရန်ဆိုင်ရာ သိမှတ်ဖွယ်ရာများ
-ပါမစ်၊ဂရန်ဝယ်တော့မယ်ဆို ဘာတွေသိထားရမလဲ?
-ဒေတာဘယ်လိုရှာမလဲ?ဘယ်လိုကောက်မလဲ?
-အကျိုးဆောင်၊ပွဲစားတွေရဲ့ လိုက်နာရမယ့် ယဥ်ကျေးမှုတွေကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။
ဒါတွေသိထားပြီးအလုပ်လုပ်တဲ့အခါမှာ ဒီအတိုင်းလေ့လာပြီးလုပ်တာထက် စနစ်ကျသွားမယ်၊ရှေ့ကိုအများကြီးရောက်သွားမယ်၊လမ်းစတွေ အများကြီး ရသွားပြီး ကိုယ့်ဘာသာရပ်တည်နိုင်သွားမှာဖြစ်ပါတယ်။
ဒီသင်တန်းဟာ ၂ ရက်သင်တန်းဖြစ်ပြီး တစ်ရက်ကို မနက် ၉နာရီကနေ နေ့လည် ၂ နာရီထိ ကြည်မြန်မာရဲ့ရုံးခန်းမှာ
-သီအိုရီတွေ နားလည်အောင်လုပ်ခြင်း
-လက်တွေ့ပိုင်နိုင်သွားသည်အထိ Case Study များဖြင့်လေ့လာခြင်း
-စာရွက်စာတမ်းမူရင်းများ လက်တွေ့ပြသ လေ့လာခြင်းများ လုပ်ရမှာမို့ သင်တန်းပြီးတာနဲ့ လက်တွေ့လုပ်ငန်းခွင် တန်းဝင်နိုင်မှာဖြစ်ပါတယ်။
စာတွေချည်းသင်ရမှာမဟုတ်ပဲ လက်တွေ့လုပ်ဆောင်နိုင်သည်အထိ ထိရောက်အောက်သင်ကြားပေးမှာမို့ လူဦးရေ(၅)ဦးသာ လက်ခံပါတယ်။ကြည်မြန်မာရဲ့ ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းစာအုပ် ၁ အုပ်စီရရှိမှာမို့ သင်တန်းပြီးလည်း အမြဲလေ့လာ၊သုံးစွဲသွားနိုင်မှာဖြစ်ပါတယ်။
သင်တန်းကြေး တစ်ဦးလျှင် ၁၀၀,၀၀၀ ကျပ်
(နေ့လည်စာ Lunch Box ၂ရက်စာပါ။)
Date Jan 18,19(Batch 1)
Date Jan 21,22(Batch 2)
Time 9 a.m to 2p.m
Location : Kyi Myanmar San Office,Room No(4&5),Bo Cho Street,46 Ward,North Dagon.
သင်တန်းနှစ်ရက်တာကာလအတွင်း သင်ကြားမှုကို သင်ကြားသူ၏ Level အလိုက် လက်တွေ့လုပ်ဆောင်နိုင်သည်အထိ အစွမ်းကုန်သင်ကြားပေးသွားမည်ဖြစ်ပြီး ရလဒ်ထွက်အောင်ကြိုးစားနိုင်မှုမှာ သင်တန်းသား၏ တာဝန်သာဖြစ်ပါတယ်ရှင်။
သင်တန်း ၂ ရက်ပြီးဆုံးပါက Kyi Myanmar San Co.,Ltd. မှ ပေးအပ်သော သင်တန်းပြီးဆုံးကြောင်း Certificate ပေးအပ်မှာဖြစ်ပါတယ်။ Certificate ဟာ သင်တန်းပြီးဆုံးကြောင်းအနေနဲ့သာပေးအပ်တာဖြစ်ပြီး လက်တွေ့လုပ်ငန်းခွင်မှာ စည်းကမ်းတကျနှင့် ရပ်တည်လုပ်သွားနိုင်ရန်သာ ပိုပြီးဦးတည်ပါတယ်။
အိမ်ခြံမြေအကျိုးဆောင်သင်တန်း Level 1(Batch 1 and 2) အပ်နှံနိုင်ရန်အတွက် အောက်ပါဖုန်းများသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်ရှင်။
၀၉-၈၈၉ ၅၅၅ ၆၉၉
၀၉-၉၆ ၃၃၈ ၂၂ ၅၅
၀၉-၈၈၂ ၇၅ ၁၅ ၃၅
၀၉-၇၈၅ ၉၆၈ ၇၅၀
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: