quiver - "gaunsinmashitaethachin"
Автор: quiver
Загружено: 2024-07-05
Просмотров: 1755
Описание:
"ခေါင်းစဥ်မရှိတဲ့သီချင်း"
တခါတရံ ခံစားရသမျှတိုင်းကိုအသိညဏ်ကလိုက်ပြီး စီစစ်ခွဲခြမ်းစိတ်ပိုင်းပြီး သင့်ကို သင်ဟာ အမည်နာမတခု လက္ခဏာတခုခု ဝေဒနာတမျိူးကို ဘယ်ကြောင့် ဘယ်လို ခံစားနေရပါတယ်ဆိုတဲ့အကြောင်း သေချာတဲ့အဖြေတခု သင့်ကိုထောက်ပြပြီး အဖြေကောင်းကောင်းမပေးနိုင်ဘူး၊ ကိုယ်တိုင်က တဖက်လူကိုခံစားရတဲ့အကြောင်းကိုပြန်ရှင်းပြမနိုင်ခင် ကိုယ့်ကိုကိုယ်ပြန်ရှင်းပြနိုင် နားလည်လက်ခံဖိုကိုကိုယ်တိုင်အရင် ကြိုးစားသေးနေပြန်ပါတယ် ၊ ကိုယ်တိုင်ဟာဘာမှန်း ဘယ်လိုဆိုတာ ရှင်းပြဖိုမတတ်နိုင်နေချိန်မှာ ရုတ်ချည်းကိုယ့်ကိုယ်ထဲဝင်ထိုင်လိုက်သလို စိတ်အခြေအနေရပ်တခုက အသိစိတ်နဲ့ခန္ဓာ၂ဖက်လုံးကို လွယ်"ကူ"ပဲ ငြိမ်စိုင်းသွားစေတယ် .. ၊ တချိူသော ခံစားရအခြေနေရပ်တိုင်းကိုစကားလုံးတွေလိုက်ဖြည့်နေဖို အတင်းကြိုးစားဖိုမလိုဘူးဆိုတဲ့ အတွေးကို ကိုယ့်ခေါင်းထဲကိုယ်ပြန်ထည့်ပေးရင်း
အနည်းဆုံး ၊ အရိုးဆုံးစိတ်ရင်းမှာ ဖြစ်နိုင်ခဲ့ပါရင် လူဆိုတာ ကိုယ့်ဘဝလေးထဲ ကိုယ့်အခိုက်တန့်လေးထဲက သိုမဟုတ် ရပ်ဝန်းလေးတခုထဲကနေ လူဖြစ်ဖြစ် ၊ အရာဝတ္ထု ၊ အခိုက်တန့် ၊ အနံ့အဖြစ်စေ ၊ ကိုယ်မြင်နေမြဲပုံစံ သိုမှမဟုတ် မြင်ကွင်း အရာတခုခုအပေါ်ဖြစ်ပစေ နဲနဲဖြစ်ဖြစ်ကလေးတောင် ပြုပြင်ပြောင်းလဲလိုက်ဖို ပြောင်းရွှေ့နေရာလဲလိုက်ဖို မြင်နေမြဲပုံစံလေးတွေကိုနဲနဲဖြစ်ဖြစ်လေးတောင် ပြောင်းလဲချင်ကြမှာမဟုတ်ပါဘူး၊ အသက်မကြီးသွားစေချင်တဲ့ လူတွေ ၊ ပြောင်းလဲ မသွားစေချင်တဲ့ မြင်ကွင်း ၊ အသိုက်အမြုံ ၊ အနံ့တွေ ၊ ကိုယ့်မြတ်နိုးတဲ့လူ ၊ ချစ်တဲ့သူ အရာရာ..wouldn't change a thing as possible as we could, yeh
ကျွန်တော်ဟာ နှုတ်ကထုတ်ထုတ်မပြောဖြစ်တာများပြီး စကားတွေအများကြီးစိတ်ထဲမှာ ပြွုတ်သိပ်ပြီးဖွင့်မထုတ်တတ်ပဲ အမှုအမွှားသေးသေးအရာတွေကအစ နှမြောတတ် သိုသိပ်သိမ်းဆည်းတဲ့လူတယောက်ဖြစ်ပါတယ် ..
ဆန့်ကျင်ဖက်အားဖြင့် တကယ့်လက်တွေ့မှာ ကျွန်တော်တိုလက်ရှိရင်ဆိုင်နေရတဲ့
ပုစ္စုပ္ပန်ဟာ အဲ့ဒီအရာအားလုံးနဲ့ဆန်ကျင်ဖက်သာဖြစ်ပြီး - ရှူပ်ထွေး
ပြည့်ညှပ် ၊ ညစ်ထေး ၊ တနေ့မပြတ် အကျည်းတန်စေ မော
ဟိုက်စိတ်ပျက်ရစေတာတွေသာပြည့်နေတဲ့ ပုစ္စုပ္ပန်တစ်ခုသာဖြစ်တယ်
ကိုယ်တမ်းတနေ သတိရနေတဲ့ နေရာတခုကိုရုတ်တရက်ချင်းအမောတကောပြန်ပြေးသွားကြည့်ရင်တောင် ၊ ကိုယ်သတိရနေတဲ့အရာတွေဟာ သူတိုနေရာမှာ ကိုယ်မမျှော်မှန်းထားတဲ့အရာတွေနေရာယူသွားကြပြီ မြင်ကွင်းတခုလုံးကိုပါစုတ်ဖြဲယူသွားသလို ခများ
မမက်ချင်တဲ့အိမ်မက်ကြီးတခုထဲထပ်ပြန်ရောက်လာရသလို ၊ တော်တော်လေးကိုလေးပင်ဖိစီးဝမ်းနည်းစေပါလိမ့်မယ် ၊ အနားမှာရှိပါမယ် ရှိလောက်ဦးမယ်သင်ယုံကြည်တဲ့အရာတိုင်း ဘာတုန်းကမှ ဘာကတိမှသက်ဆုံးမပေးထားမှန်းသင်သိလာမယ် အကုန်ထွက်ခွာ တိုက်စားသွားမြဲပါပဲ သင်ဟာမြင်ကွင်းတခုလုံးကိုအသေမှတ် စိတ်ရဲ့အနက်ဆုံးအလွှာထိပိုက်ယူသိမ်းဆည်းကုတ်
ကျစ်ထားတဲ့အခိုက်တန့် မှတ်ညဏ်တွေသာလွဲ၍ သင်နဲ့အတူ ကျန်ရစ်ခဲ့မယ်၊ အသက်ရွယ်တခုချင်း အဆုံးတခုစီမှာ အရွေ့တိုင်း သင့်ရင်ဘတ်တည့်တည့်မှာ ဘယ်အရာနဲ့ပြန်ဖြည့်ဖြည့်ပြန်မပြည့် ပြန်စေ့စက်မသွားပဲ သင်နဲ့အတူတစစသာကြီးထွားပြန့်ကားလာမယ့် တွင်းနက်အမဲအပေါက်ကြီးတခုကိုသင်ဟာ သင့်ရင်ဘတ်ကို ပြန်ငုံကြည့်တိုင်းမြင်နေရပြီး သင့်ရဲ့လစ်ဟာမှုကိုပြန်ပြန်ရေတွက်တဲ့လူတယောက်လို၊ အချိန်ဆိုတာ နေရာလို မဟုတ်ပဲလေတဲ့ စာပိုဒ်တခုမှာ ဖတ်လိုက်ရတယ်၊ ကိုယ်ရှင်းပြချင်ရက် နှိင်းယှဉ်ပြောပြမတတ်ခဲ့တဲ့စကားတွေ စာရေးဆရာတဦးရဲ့စာအုပ်တအုပ်ထဲက စာပိုဒ်တခုမှာ သွားတွေ့တယ်..
" ငါတိုဟာ နေရာတစ်ခုဆီကိုပြန်ချင်ကြတာမဟုတ်ပဲ အချိန်ကာလတစ်ခုဆီကို ပြန်ချင်နေကြတာဖြစ်လိုပဲ ၊ အချိန်ဆိုတာ နေရာလိုမဟုတ်ဘူးလေ ၊ ဘယ်တော့မှပြန်သွားလိုမရတော့ဘူး မဟုတ်လား ။ " လိုဆိုတယ် ။
အဲ့ဒီ continual loss ထဲမှာ ကျွန်တော်ကိုယ်တိုင်အပါဝင် ကျွန်တော်ဟာ ကျွန်တော် တမ်းတသမျှအရာအားလုံးနဲ့အတူ ငယ်ဘဝတခုလုံးနဲ့အတူ မရှိတော့တဲ့ချစ်သူ မြတ်နိုးသူတိုရဲ့ပုံရိပ်၊ ပတ်ဝန်းကျင်မြင်ကွင်း မျက်လုံးထဲမှာနောက်ဆုံးကျန်နေခဲ့တဲ့ ပုံရိပ်တခုစီနဲ့အတူ ..မှေးမှိန်ပျောက်ကွယ်သွားပြီးဖြစ်ပါတယ်၊ ဒီစာကသီချင်းကိုကျနော် မထုတ်ခဲ့ခင် စာတခုအနေနဲ့ ရေးပြောပြခဲ့တဲ့သဘောပါ ..
ကျွန်တော် ဒီသီချင်းရေးစကတည်းကတော့ ခေါင်းစဉ်တောင်မပေးချင်ခဲ့ပါဘူး ခေါင်းစဉ်လဲခုထိရေ"ရာ"စဉ်းစားလိုမရသေးပါ "Growing pains" လို project name ပေးတုန်းကကျွန်တော်တခုခုရှိအောင်လျှောက်ပေးထားတဲ့ခတ်ပေါ့ပေါ့ common ဖြစ်တဲ့ နာမည်တခုသာရှိပါတယ် ..
နောက်ဆုံး ဒီသီချင်းကို ကျွန်တော် "ခေါင်းစဉ်မရှိတဲ့သီချင်း" လိုသာချန်ခဲ့ချင်ပါတယ်
Yup, thats all about I'd say, Enjoy..
#quivver #gaunsinmashitaethachin
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: