ငလျင်ကြောင့် လူဦးရေထက်ဝက်ကျော် သေဆုံးခဲ့တဲ့ ဗုံးအိုရွာမှ ကယ်ဆယ်ရေးမှအစ အရာရာလိုအပ်နေ
Автор: Nayyartakar Journal
Загружено: 2025-04-01
Просмотров: 2
Описание:
ငလျင်ကြောင့် လူဦးရေထက်ဝက်ကျော် သေဆုံးခဲ့တဲ့ ဗုံးအိုရွာမှ ကယ်ဆယ်ရေးမှအစ အရာရာလိုအပ်နေ
==========================================================
၂၀၂၅။ဧပြီ-၂
နေရာတကာဂျာနယ်။
မန္တလေးတိုင်း၊အမရပူရမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များ နေထိုင်ကြသည့် ဗုံးအိုရွာတွင် မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ရွာလူဦးရေ ၃ပုံ၂ပုံခန့်သေဆုံးခဲ့ပြီး ကယ်ဆယ်ရေးမှအစ အရာရာလိုအပ်နေကြောင်း သိရှိရသည်။
ငလျင်ကြောင့် ဗလီကျောင်းပြိုကျခဲ့ရာတွင် ဗလီတွင်း၌ ကလေးငယ်အများအပြားရှိနေသဖြင့် ဝင်ရောက်ကယ်ဆယ်နေချိန် ငလျင်ထပ်မံလှုပ်ခတ်ပြီး ဗလီထပ်မံ ပြိုကြခဲ့သည့်အတွက် သေဆုံးမှု များပြားခြင်း ဖြစ်ကြောင်း အဆိုပါရွာအား သွားရောက်လှုတန်းနေသူများမှ ဆိုသည်။
“လိုင်းပေါ်မှာတွေ့လို့ အလှုရှင်မရှိဘူသွားလှုဖြစ်တာ။အတော်အခြေအနေဆိုးတယ်။ ကယ်ဆယ်ရေး မရောက်ဖူး။ရွာကလူတွေပဲ ကယ်ဆယ်ရေးလုပ်နေရတာ။မထုတ်ရသေးတဲ့ အလောင်းတွေ ရှိသေးတယ်။အပုတ်နံတွေ ထွက်နေပြီ”ဟု အလှုရှင်တဦးမှ ပြောသည်။
လတ်တလောလိုအပ်ချက်မှာ ကယ်ဆယ်ရေးနှင့်သောက်ရေဖြစ်ပြီး ရွာရှိ ရေတွင်းများမှာ ငလျင်ဒဏ်ကြောင့် သေက်သုံးရန် မဖြစ်နိုင်တော့ကြောင်း သိရှိရသည်။
“အဲဒီရွာလေးကို သွားပြီးလှုစေချင်တယ်။ရေသန့်တွေ အရမ်းလိုနေတယ်။နောက်ပြီး အလောင်းတွေက ပုတ်ပွပြီး ခွေးဆွဲထားလို့ ခြေပြတ်လက်ပြတ်တွေတောင် ဖြစ်နေလို့ သူတို့ပဲ ထုံးတမ်းစဉ်လာအရတောင် မလုပ်နိုင်တော့ပဲ မြေမြှပ်နေရတယ်လို့ ရွာခံတွေက ပြောတယ်”ဟု အလှုရှင်နှင့်လိုက်ပါကူညီသူတဦးမှလည်း ဆိုသည်။
အဆိုပါရွာတွင် ဗလီ ၃လုံး ပြိုကျခဲ့ပြီး အဆိုပါဗလီများအောက်တွင် မထုတ်ရသေးသော အလောင်းများ ရှိနေကြောင်း သိရှိရသည်။
Nayyartakar News+
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: