လူသားနဲ့ ကံဟောင်း, ကံသစ် ကျိုးပြစ်သဘော
Автор: Dhamma Dhara Sayadaw
Загружено: 2023-10-23
Просмотров: 606
Описание:
ဒီနေ့ အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့အား
“လူသားနဲ့ ကံဟောင်း, ကံသစ် ကျိုးပြစ်သဘော” ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ဟောပြောပြသ
သင်ကြားပေးမှာ ဖြစ်ပါတယ်။
လူသားတွေမှာ ရှေးရှေးဘဝတွေက ပြုလုပ်ခဲ့တဲ့ ကံဟောင်းပေါင်း များစွာ၊ နေ့စဥ်နေ့တိုင်း
ပြုလုပ်နေတဲ့ ကံသစ်ပေါင်း များစွာ ရှိကြပါတယ်။
ကံကို ပြုလုပ်ဆောင်ရွက်ပုံ (၃) မျိုး ရှိပါတယ်။ ကိုယ်နဲ့ ပြုလုပ်ဆောင်ရွက်တဲ့ ကာယကံ၊
နှုတ်နဲ့ ပြောဆိုတဲ့ ဝစီကံ၊ စိတ်နဲ့ တွေးကြံတဲ့ မနောကံတို့ ဖြစ်ပါတယ်။
အဲဒီကံ (၃) မျိုးတို့ကလည်း ကောင်းတဲ့ဘက်မှာ ပြုလုပ်ဆောင်ရွက်တဲ့ ကာယကံ၊ ဝစီကံ၊
မနောကံနဲ့ မကောင်းတဲ့ဘက်မှာ ပြုလုပ်ဆောင်ရွက်တဲ့ ကာယကံ၊ ဝစီကံ၊ မနောကံဆိုပြီး
အကောင်းနဲ့ အဆိုး နှစ်မျိုး ကွဲသွားပါတယ်။
ကောင်းတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ပြုလုပ်ဆောင်ရွက်ထားတာတွေက ကောင်းကျိုး
ပေးကြမှာဖြစ်ပြီး မကောင်းတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတွေကတော့ မကောင်းကျိုး ပေး
ကြမှာ ဖြစ်ပါတယ်။
ကံတရားက အကျိုးပေးတဲ့ နေရာမှာ ကောင်းတဲ့ကံများက ကောင်းကျိုးကိုသာ ပေးပါတယ်။
မကောင်းကျိုး ပေးရိုးထုံစံ မရှိပါဘူး။ မကောင်းတဲ့ကံများကလည်း မကောင်းကျိုးကိုသာ ပေး
ပါတယ်။ ကောင်းကျိုးပေးရိုး ထုံးစံ မရှိပါဘူး။
ကိုယ်လုပ်ထားတဲ့ ကံတရားများတွေထဲမှာ အချို့ကံများက အခု ပစ္စုပ္ပန်ဘဝမှာ ကောင်းကျိုး
ဆိုးပြစ်ကို ပေးပါတယ်။ အဲဒါကို စာပေမှာတော့ “ဒိဌဓမ္မ.ဝေဒနိယကမ္မ” လို့ သုံးနှုန်းပါတယ်။
မျက်မှောက်ဘဝမှာ အကျိုးတရားကို ခံစားရတဲ့ ကံပေါ့။
ကိုယ်လုပ်ထားတဲ့ ကံတရားများစွာထဲမှာ အချို့ကံများက အခု ပစ္စုပ္ပန်ဘဝမှာ အကျိုးမပေးကြဘဲ
သေဆုံးပြီး နောက်ဘဝ၊ ဒုတိယဘဝမှာ အကျိုးပေးကြပါတယ်။ အဲဒါကို စာပေမှာတော့ “ဥပပဇ္ဇ.
ဝေဒနိယကမ္မ” လို့ ခေါ်ပါတယ်။ ဒုတိယဘဝမှာ အကျိုးတရားကို ခံစားရတဲ့ ကံပေါ့။
ကိုယ်လုပ်ထားတဲ့ ကံတရားများစွာထဲမှာ အချို့ကံများက အခု ပစ္စုပ္ပန်ဘဝမှာလည်း အကျိုးမပေးဘူး။
သေဆုံးပြီးနောက် ဒုတိယဘဝမှာလည်း အကျိုး မပေးဘူး။ တတိယဘဝကနေပြီး ဘဝတစ်လျှောက်လုံး
အကျိုးပေးကြမှာပါ။ ဘယ်လောက်အထိ လိုက်ပြီး အကျိုးပေးမှာလဲဆိုရင် နိဗ္ဗာန်ရောက်တဲ့အထိ ဘဝမကုန်
ဆုံးသေးသမျှ အခွင့်ရတိုင်း လိုက်ကာ အကျိုးပေးကြမှာပါ။ အဲဒါကို စာပေမှာတော့ “အပရာပရိယ.ဝေဒနိယ.ကမ္မ” လို့
ခေါ်ပါတယ်။ နောက်နောက်ဘဝတွေမှာ အကျိုးပေးကို ခံစားရတဲ့ကံပေါ့။
ကိုယ်လုပ်ထားတဲ့ ကံတရားများစွာထဲမှာ အချို့ကံများက အကျိုးမပေးတော့ပဲ အလဟဿ ဖြစ်သွားကြပါတယ်။
ဘယ်လို အလဟဿ ဖြစ်သွားကြလဲဆိုရင် အခုဘဝမှာ အကျိုးပေးစရာရှိတဲ့ကံက အများကြီးဖြစ်နေရင် တစ်ခုခုသောကံက
အကျိုးပေးသွားပြီး ကျန်တဲ့ကံတွေဟာ အကျိုးမပေးတော့ဘဲ အလဟဿ ဖြစ်သွားပါတယ်။ ဒီအတိုင်းပါပဲ။ ဒုတိယဘဝ
မှာ အကျိုးပေးရမဲ့ ကံတွေက အများကြီးဖြစ်နေရင် တစ်ခုခုသောကံက အကျိုးပေးလိုက်ပြီး ကျန်ကံများက အကျိုးပေးခွင့်
မရနိုင်တော့ဘဲ အလဟဿ ဖြစ်သွားပါတော့တယ်။ တတိယဘဝကနေ နိဗ္ဗာန်ရောက်သည်အထိ လိုက်ပြီး အကျိုးပေးမဲ့ ကံ
များကတော့ အချိန်အကြာကြီး အကျိုးပေးကြမှာပါ။ နိဗ္ဗာန်ရောက်အောင် တရားအားထုတ်လိုက်နိုင်ရင်တော့ ကျန်တဲ့ကံများ
ဟာ အကျိုးပေးခွင့် မရတော့ဘဲ အလဟဿ ဖြစ်သွားကြပါတယ်။ အဲဒါကို စာပေမှာတော့ “အဟောသိကမ္မ” လို့ ခေါ်ပါတယ်။
အကျိုးမပေးတော့ဘဲ ကံဖြစ်ခဲ့ရုံမျှသာ ဖြစ်တဲ့ ကံပေါ့။
အဲဒီလို အခုဘဝမှာ အကျိုးပေးတဲ့ ကံ၊ ဒုတိယဘဝမှာ အကျိုးပေးတဲ့ ကံ၊ တတိယဘဝကနေ နိဗ္ဗာန်ရောက်သည်အထိ လိုက်ပြီး
အကျိုးပေးတဲ့ ကံတရားတွေကို ရှင်းရှင်းလင်းလင်း နားလည်ထားမှသာ အခုဘဝမှာ ကောင်းတာ တစ်ခုခု လုပ်ပြီး ကောင်းကျိုး
မလာဘဲ ဆိုးကျိုးနဲ့ တွေ့ရသူဟာ “အခု ငါလုပ်လိုက်တဲ့ ကောင်းတဲ့အလုပ်ကတော့ ကောင်းကျိုးပေးမှာ ဒါပေမဲ့ ငါမှာ အခုလုပ်
လိုက်တဲ့ ကံသာ မက အတိတ်ကလုပ်ခဲ့တဲ့ ကံဟောင်းတွေလည်း ရှိနေတယ်။ အဲဒီ အတိတ်ကံဟောင်းတွေထဲမှာ မကောင်းတဲ့ကံတွေ
လည်း ပါခဲ့မှာ။ အခုလုပ်လိုက်တဲ့ ကောင်းတဲ့ကံ အကျိုး မပေးသေးခင် အတိတ်က လုပ်ခဲ့တဲ့ မကောင်းတဲ့ကံက အကျိုးပေးခွင့် ရသွားတာ”
လို့ နားလည်ရမှာပါ။
ဓမ္မပဒမှာ ပါရှိတဲ့ အနာထပိဏ္ဍိတ.သေဌီ.ဝတ္ထုမှာ အနာထပိဏ်သူဌေးကြီးဟာ အလှူအတန်းတွေ လုပ်ရင်း အခိုက်အတန့် ဆင်းရဲသွား
ပါတယ်။ အဲဒီလို ဖြစ်တာဟာ အခု ပစ္စုပ္ပန်ဘဝမှာ လုပ်နေတဲ့ ကောင်းမှုကံသစ်ကြောင့် မကောင်းကျိုးပေးတာ မဟုတ်ပါဘူး။ ဘဝါဘဝတွေက
ပြုလုပ်ခဲ့တဲ့ မကောင်းမှု ကံဟောင်းတစ်ခုခုက အကျိုးလာပေးတာပါ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘုရားရှင်ကိုယ်တော်မြတ်က-
“မကောင်းမှု ကံသစ်က အကျိုးမပေးသမျှ မကောင်းမှု လုပ်သူဟာ ကောင်းတဲ့လို့ မြင်နေပါတယ်။
မကောင်းမှုက မကောင်းကျိုးပေးပြီဆိုရင်တော့ မကောင်းမှုလုပ်သူဟာ ဒုက္ခလှလှ တွေ့ရတော့တာပါပဲ။
ကောင်းမှု ကံသစ်က အကျိုးမပေးသမျှ ကောင်းမှုလုပ်သူဟာ ရှေးကံဟောင်းရဲ့ မကောင်းကျိုး ဒုက္ခကို တွေ့ကြုံ ခံစားရတယ်။
ကောင်းမှု ကံသစ်က ကောင်းကျိုးပေးလာတဲ့အခါမှာတော့ ကောင်းမှုလုပ်သူဟာ ကောင်းကျိုးချမ်းသာ စည်းစိမ်ဥစ္စာတွေကို ရရှိပါ
တော့တယ်” လို့ မိန့်တော်မူပါတယ်။
ဒါ့ကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့ဟာလည်း-
“ငါက ကောင်းတာ လုပ်တာ ငါ့ကျတော့ ဒုက္ခရောက်တယ်။ သူက မကောင်းတာလုပ်တာ သူ့ကျတော့ အစစ အရာရာ အဆင်ကို ပြေနေ
တာပဲဆိုတဲ့ နားလည်မှုလေးတွေ မလွဲစေဘဲ။ ကောင်းတာလုပ်ထားသူအတွက်လည်း ကောင်းကျိုးဆိုတာ လာပါလိမ့်မယ်။ မကောင်းတာ လုပ်ထားသူ
အတွက်လည်း မကောင်းကျိုးဆိုတာ လာပါလိမ့်မယ်” လို့ မှန်ကန်တဲ့ အသိနဲ့ သတိထားကာ နေထိုင် ပြုမူ ဆောင်ရွက်ကြဖို့ပါပဲ …မိတ်ဆွေတို့။
ဒီတရားလေး နာကြားပြီး-
(က) ကောင်းတဲ့အလုပ်လေးတွေ လုပ်ဖြစ်ပါရဲ့လား?
(ခ) မကောင်းတာလုပ်ပြီး ကောင်းကျိုးရနေတာ ဘာ့ကြောင့်ပါလဲ?
(ဂ) ကောင်းတာလုပ်ပြီး မကောင်းကျိုး ရနေတာကော ဘာ့ကြောင့်ပါလဲ?
ဖြေကြားကာ “မြတ်ဘုရား ဟောကြားတဲ့ ကံတရားကို နားလည်သဘောပေါက်ကြတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ..။ (၂၃.၁၀.၂၃)
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: