မြန်မာ့ရိုးရာ ဘိန်းမုန့် လေးလုပ်စားမယ်
Автор: Cook for K1
Загружено: 2023-07-04
Просмотров: 79167
Описание:
မြန်မာ့ရိုးရာ မုန့်လေး တခုဖြစ်တဲ့ ဘိန်းမုန့်ကို ဆိုင်မှာရောင်းတဲ့အတိုင်း မွမွအိအိလေး လုပ်စားပါမယ်။
ဆိုင်မှာရောင်းတဲ့ မုန့်နှစ်က ညလုံးပေါက် အချဉ်ဖောက်ပေမယ့် အိမ်မှာလုပ်စားတဲ့အခါ အချဉ်ဖောက်တာ လွန်သွားတာ မဖြစ်စေအောင် ညလုံးပေါက် အချဉ်ဖောက်စရာမလိုဘဲ ကျွန်တော်က ပေါင်မုန့်လုပ်တဲ့အခါ သုံးတဲ တဆေးနဲ့ပဲ အချဉ်ဖောက်ထားပါတယ်။
မုန့်နှစ်ဖောက်မှ ဇလုံတခုထဲမှာ
တအေး (Instant dry yeast) - လက်ဖက်ရည်ဇွန်း တဝက်
သကြား - အနည်းငယ်
ကြက်သီးနွေး ရေနွေး - အနည်းငယ်
ထည့်ပြီး ၁၅ မိနစ်လောက်အခန်းအပူချိန်မှာ ထားထားပေးပါ။
ပြီးရင် တဆေးဖောက်ထားတဲ့ ဇလုံထဲမှာဲ
ဆန်မှုန့် - ချိန်ခွက် ၂ ခွက် (နို့ဆီဗူး ၂ ဗူး)
ကြက်ဥ - ၂ လုံး
နို့ဆီ - ၁ ဇွန်း (ထမင်းစားဇွန်း)
ဆား - အနည်းငယ်
ထန်းလျက်ရည် ခပ်ပျစ်ပျစ် - ၄ ဇွန်း ( ထမင်းစားဇွန်း)
ရေအေး - ခွက် တဝက် (နို့ဆီဗူး တဝက်)
ထည့်ပြီး အားလုံး မွှေပေးပါ။
နို့ဆီပျစ်ပျစ်အနေအထား ရအောင် ဖျော်ထားပေးပါ။
သေချာ မွှေပေးပြီး အဖုံးလေး တခုခုနဲ့ ဖုံးပြီးရင် အခန်းအပူချိန်မှာ ၁ နာရီ ထားပေးပါ။
၁ နာရီကြာတဲ့အခါ မုန့်နှစ်ကို ဇွန်းနဲ့ မွှေကြည့်လိုက်ရင် ခပ်မွမွလေးဖြစ်နေတာကို သတိထားမိမှာပါ။
အချိန်ရရင် ၂ နာရီလောက်နှပ်ထားရင် မုန့်က ပိုပြီးပွပါတယ်။
ပြီးရင် မုန့်ပွဆေး (Baking powder) - လက်ဖက်ရည်ဇွန်း၄ပုံ၁ပုံ လောက်ထည့်ပြီးနှံ့စပ်အောင် မွှေပေးလိုက်ပါ။ မုန့်ကိုပိုပြီး ပွစေဖို့အတွက်ပါ။
ပြီးမှ မုန့်နှစ်ထဲကို ထောပတ် - ၂ ဇွန်း (စားပွဲတင်ဇွန်း)
ထည့်ပါ။
ဘိန်းမုန့်ပေါ်တင်ဖို့အတွက်
ဘိန်းစေ့
အုန်းသီး
မြေပဲ
စပျစ်သီးခြောက် အနည်းငယ်လိုပါတယ်။
မုန့်လုပ်မယ့် အိုးလေးထဲမှာ
ထောပတ် ၁ ဇွန်းထည့်ပါ။ ဆီပူလာရင် မုန့်နှစ်ကို မုန့်တခုစာထည့်မယ်။
အပေါ်မှာ ဘိန်းစေ့
အုန်းသီး
မြေပဲ
စပျစ်သီးခြောက် ထည့်ပြီး အဖုံးလေးပိတ်မယ်။ ၂ မိနစ်လောက် ကြာရင် နောက်တဖက်လှန်ပြီး အပူပြန်ပေးရင် မွှေးပြီး အိအိမွမွလေးနဲ့ စားကောင်းတဲ့ ဘိန်းမုန့်ကို ရပြီဖြစ်ပါတယ်။
သူငယ်ချင်းအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: