🌿ဆုတောင်းပြည့်🌿 ချင်ရင် ကိုယ် ရင် ထဲမှာ ရှိရမည် အရာ (၅) မျီုး🌿
Автор: Nang Su Pan
Загружено: 2023-06-02
Просмотров: 3653
Описание:
လူတွေဟာ
ဆုတောင်းပြည့်ဘုရား ဆုတောင်းပြည့်ဘုရား
ဆိုပြီးတော့ သွားဆုတောင်းကြတယ်
ဘုရားက ဆုတောင်းပြည့်သလား ကိုယ့်ရင်ထဲက
တရားတွေကြောင့် ဆုတောင်းပြည့်သလားဆို
စဉ်းစားမိဖို့လိုအပ်တယ်ပေါ။
ဘုရားမှန်သမျှက
ဆုတောင်းပြည့် ဟုတ်ဟုတ် မဟုတ်ဟုတ်နော်
ဆုတောင်းပြည့်လို့ ဘွဲ့တော်တပ်ထားတာ
ဖြစ်ဖြစ် မဖြစ်ဖြစ်နော်။
ဘုရားကိုရည်စူးပြီး
တည်ထားတဲ့ စေတီတော်မှန်သမျှ
ကိုးကွယ်ပူဇော်ရမှာတွေချည်းပဲ ဖြစ်တယ်ပေါ
သို့သော် ဆုတောင်းပြည့်ဘုရား
သွားတောင်းလို့ ဆုတောင်းတယ်လို့
လူတွေမှာ အဲဒီလို ထင်မြင်ယူဆနေကြတယ်။
မြတ်စွာဘုရားက
အဲဒီလို ဟောတာမဟုတ်ဘူး
သခါင်္ရုပပတ္တိသုတ်မှာဆိုရင်
ဆုတောင်းပြည့်ဖို့အတွက် ရင်ထဲမှာ ဘာရှိရမှာလဲ
၁။ သဒ္ဓါရှိရမယ် သဒ္ဓါရှိသည်အားလျော်စွာ
၂။ ကိုယ်ကျင့်တရားကောင်းမွန်တဲ့
ကိုယ်ကျင့်သီလရှိရမယ်။
၃။ မြတ်စွာဘုရား အဆုံးအမ ပတ်သက်ပြီးတော့
ကြားဖူးနားဝတွေရှိတဲ့ သုတရှိရမယ်။
၄။ စာဂဆိုတဲ့ စွန့်လွတ်လှူဒါန်းမှုတွေ ရှိရမယ်။
၅။ ပညာလို့ဆိုတဲ့ အသိပညာရှိရမယ်။
အဲ့ဒီ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့
ဒီ( ၅ ) မျိုးကသာလျှင် ဆုတောင်းပြည့်စေသာ
ဖြစ်တယ်ပေါ။
အဲဒီ( ၅ ) မျိုး မရှိဘဲနဲ့
ဆုတောင်းနေ ပြည့်မှာ မဟုတ်ဘူး
ဒီ( ၅ ) မျိုးပါမှ ဆုတောင်းပြည့်တယ်လို့ ဒီလိုဆိုတယ်။
ဒါကြောင့်မို့
ဘုရားဆိုတာ ဆုတောင်းပြည့်လို့
ဘွဲ့တော်အမည်ခေါ်ထားသည့်ဖြစ်စေ
မမည်ခေါ်ထားသည့်ဖြစ်စေ
ဘုရားမှန်သမျှဟာ ကိုးကွယ်ပူဇော်ထိုက်တာဖြစ်တယ်
ဆုတောင်းပြည့် မပြည့်ဟာ ဘုရားနဲ့မဆိုင်ဘူး
ကိုယ်နဲ့ဆိုင်တယ်လို့ပဲ မှတ်ရမယ်ဖြစ်တယ်
ဒါဟာ အစစ်အမှန်
သိရှိနားလည်ဖို့ လိုအပ်တယ်ပေါနော်။
————————မထေရ်🌿 မြတ်တို့၏အမှတ်တရစကားများတရားဒေသနာတော် အပိုင်း(၁၁၉)🌿——————————
⏰ ကြာမြင့်ချိန် 1:မိနစ် 52:စက္ကန့် ⏰
တရားတော်အပြည့်အစုံနာရန် Link.
https://m.facebook.com/story.php?stor...
{ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ }
🙏🙏🙏
ဓမ္မဒါန
စိုင်းချစ်ခမ်း
26-4-2022
/ saichitkhan969
Повторяем попытку...

Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: