Day-39-Heidi - မေတ္တာရှင်မလေး ဟိုင်ဒီ
Автор: Saw Kyaw Myo Naing - Effortless English
Загружено: 2026-01-11
Просмотров: 7
Описание:
"Heidi"စာအုပ်လေးဟာ Johanna Spyri ရေးသားခဲ့တဲ့ ကလေးများအတွက် ဂန္ထဝင်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ အဒေါ်ကြီးနဲ့နေရတဲ့ Heidi လေးကို ဆွစ်ဇာလန်က Alp ရှိသူ့ရဲ့ ဘိုးဘိုးကြီးဆီကို ပို့လိုက်တဲ့အခါ စတင်ပြီး ဇာတ်လမ်းကို စတင်ထားပါတယ်။
ဘိုးဘိုးကြီးဟာ လူသူကင်းတဲ့ တောတောင်ထဲမှာ တစ်ယောက်တည်းနေတတ်သူဖြစ်ပေမယ့် Heidi ရဲ့ ပျော်ရွှင်စွာနေတတ်မှု၊ သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးမှုတွေကြောင့် တဖြည်းဖြည်း ပြောင်းလဲသွားပါတယ်။ အဓိကဆောင်ကြဉ်းချက်များ · သဘာဝတရား၏ ငြိမ်းချမ်းမှု - ဆွစ်ဇာလန်ရဲ့ လှပသော တောင်တန်းများ၊ စိမ်းလန်းသော မြက်ခင်းပြင်များနှင့် သန့်ရှင်းလတ်ဆတ်သောလေက Heidi နှင့် ဘိုးဘိုးကြီးကို စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းစေပါတယ်။ ·
မိသားစုချစ်ခြင်းမေတ္တာ - Heidi ဟာ သူမရဲ့ ဘိုးဘိုးကြီးကို ကျေးဇူးတင်စွာနဲ့ ချစ်ခင်ရင်းနှီးမှုတွေကို တည်ဆောက်သွားတာကို တွေ့ရပါတယ်။ · မိတ်ဆွေကောင်းရှာခြင်း - Peter လိုမျိုး သိုးထိန်းကလေးတွေနဲ့ မိတ်ဆွေဖွဲ့ပြီး ပျော်ရွှင်စွာနေထိုင်တတ်တဲ့ သဘောကို သင်ကြားရပါတယ်။
📖 ဒီ Channel လေးမှာတော့ ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ စိတ်ဝင်စားဖွယ်ရာ စာအုပ်ကောင်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ ဒီတစ်ခါတော့ ကမ္ဘာကျော် ဂန္ထဝင်ကလေးစာအုပ်စင်မှာ အပါအဝင်ဖြစ်တဲ့ "Heidi" စာအုပ်လေးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာအုပ်လေးထဲမှာ ကလေးတွေအတွက် သဘာဝကိုချစ်တတ်အောင်၊ ကျေးဇူးသိတတ်အောင်၊ မိသားစုကိုဂရုစိုက်တတ်အောင် သင်ခန်းစာတွေ အများကြီးပါဝင်ပါတယ်။ စာဖတ်သူတိုင်းကို ဆွစ်ဇာလန်ရဲ့ လှပတဲ့ ရှုခင်းတွေဆီ ခေါ်ဆောင်သွားမယ့် စာအုပ်ကောင်းလေးတစ်အုပ်ပါပဲ။ Channel လေးကို Subscribe လုပ်ပြီး စာအုပ်ချစ်သူတွေနဲ့အတူ တူတူဆွေးနွေးကြရအောင်! 👍
ကျေးဇူးရှင် ဆရာကြီး ဦးမြကြိုင် ရှာဖွေတွေ့ရှိထားသော COC စာဖတ်နည်းလေး အသုံးပြုပြီး
(၁) COC စာဖတ်နည်း အချိတ်အဆက်မြင်စေရန်
(၂) Eight Parts of Speech များခွဲခြင်း
(၃) ရိုးရှင်းတဲ့ စာကြောင်းလေးများ လက်တွေ့ သုံးပြခြင်း ကို ပြောပြ၍ သင်ကြားပေးပါတယ်။
အတန်းလေးတက်ပြီးပါက
(၁) ဝေါဟာရများကို အလွှတ်ကျက်စရာမလိုပဲ ဆရာနဲ့ အတူ လိုက်ပြောရင် အလွယ်တကူ မှတ်မိသွားခြင်း
(၂) Word form နဲ့ Verb Form များကို အလွယ်တကူ ခွဲခြားသိခြင်း
(၃) အခြေခံ Grammar စွမ်းရည်များ တိုးတက်လာခြင်း
(၄) အဂ်လိပ်ဝေါဟာရများနဲ့ ရင်းနှီကာ အဂ်လိပ်စာကို မကြောက်တော့ခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိမှာပဲဖြစ်ပါဝယ်။
The Sign of Four အား ဖတ်ပြပေးထားတဲ့ Videos သင်ခန်းစာများကို ကျွန်ဝောာ့်ရဲ့ YouTube Channel ဖြစ်တဲ့ U Kyaw Myo Naing - Effortless English YouTube Channel မှာ နေ့စဉ် သွားရောက်လေ့လာနိုင်ပါပြီဗျ။
ကျွန်ဝောာ့်ရဲ့ Facebook page / 16aqvs3vn6
ကျွန်တော့်ရဲ့ Telegram Channel https://t.me/sawkmn
#ukyawmyonaingeffortlessenglish #reading #vocabulary #speaker #listen
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: