မြန်မာအပါအဝင် အမေရိကန်သို့ ခရီးသွားလာခွင့် ကန့်သတ်ခံထားရသော နိုင်ငံ ၁၉ နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်
Автор: Radio Burmese
Загружено: 2025-12-02
Просмотров: 2372
Описание:
မြန်မာအပါအဝင် အမေရိကန်သို့ ခရီးသွားလာခွင့် ကန့်သတ်ခံထားရသော နိုင်ငံ ၁၉ နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများ၏ လူဝင်မှုကြီးကြပ်ရေး လျှောက်ထားခွင့်များ၊ အမြဲတမ်းနေထိုင်ခွင့်ကတ် (Green Card) အစီအစဉ်နှင့် အမေရိကန် နိုင်ငံသားဖြစ်ရေး လုပ်ငန်းစဉ်များကို ရပ်ဆိုင်းထားကြောင်း အမေရိကန်အစိုးရ ဌာနဆိုင်ရာ အရာရှိများ၏ ပြောကြားချက်ကို The New York Times သတင်းဌာနက ဖော်ပြထားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က ဝါရှင်တန်တွင် နိုင်ငံတော်အစောင့်တပ်ဖွဲ့ဝင် ၂ ဦး သေနတ်ပစ်ခတ်ခံရပြီးနောက် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ထရမ့်အစိုးရက ယခုကဲ့သို့ ပိုမိုတင်းကြပ်လိုက်ခြင်း ဖြစ်သည်။
“ထရမ့်အစိုးရက နိုင်ငံသားဖြစ်ခွင့် ပေးသူတွေဟာ အကောင်းဆုံးသူတွသူတွေဖြစ်အောင် အစွမ်းကုန် ကြိုးပမ်းနေပါတယ်”ဟု အမေရိကန် နိုင်ငံသားဖြစ်ရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုဌာန (UCIS) ၏ ပြောရေးဆိုခွင့်ရှိသူ မက်သရူး ထရာဂက်ဆာက ဆိုပြီး ထို လုပ်ငန်းစဉ်များ ဆိုင်းငံ့မှုကို ဒီဇင်ဘာ ၂ ရက်က အတည်ပြုခဲ့သည်။
ယခုဆိုင်းငံ့သည့် အစီအစဉ်များတွင် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ် အမျိုးမျိုး၊ အထူးသဖြင့် အမြဲတမ်းနေထိုင်ခွင့်ကတ် လျှောက်လွှာများနှင့် အမေရိကန် နိုင်ငံသားဖြစ်ရေး တောင်းဆိုမှုများ ပါဝင်သည်။
နိုင်ငံသားခံယူပွဲ အခမ်းအနားများနှင့် လူဝင်မှုကြီးကြပ်ရေးဌာန၏ တွေ့ဆုံမေးမြန်းမှုများလည်း ဒီဇင်ဘာ ၂ရက်တွင် ဖျက်သိမ်းခံရကြောင်း လူဝင်မှုကြီးကြပ်ရေး ရှေ့နေများကပြောသည်။
ထရမ့်အစိုးရအဖွဲ့ အရာရှိများက လူဝင်မှုကြီးကြပ်ရေးစနစ်ကို အပြောင်းအလဲ အများအပြား ပြုလုပ်မည်ဖြစ်ကြောင်း မကြာသေးမီက ကြေညာခဲ့သည်။ ထိုအစီအစဉ်တွင် ခရီးသွားလာခွင့် ပိတ်ပင်ထားသည့် နိုင်ငံများမှ လူများအား ပေးအပ်ထားသည့် အမြဲတမ်းနေထိုင်ခွင့်ကတ်များကို ပြန်လည်စစ်ဆေးခြင်း၊ ခိုလှုံခွင့် ဆုံးဖြတ်ချက်များကို ဆိုင်းငံ့ခြင်းနှင့် သမ္မတဟောင်း ဘိုင်ဒန်အစိုးရလက်ထက်တွင် ပေးအပ်ခဲ့သော ခိုလှုံခွင့်များကို ပြန်လည်စစ်ဆေး အကဲဖြတ်ခြင်းတို့ ပါဝင်သည်။
နိုင်ငံတွင်း၌ ရောက်ရှိနေသူများအား ပိုမိုစစ်ဆေးရန် လိုအပ်သဖြင့် အဓိက ပြောင်းလဲမှုများကို ပြုလုပ်ခြင်းဖြစ်ကြောင်းပြည်တွင်း လုံခြုံရေးဌာန အရာရှိများက ပြောသည်။
ယခုကဲ့သို့ တင်းကြပ်လိုက်သည့် စည်းမျဉ်းအသစ်များက ခိုလှုံခွင့် လျှောက်လွှာတင်ထား သူ ၁ ဒသမ ၅ သန်းကျော်နှင့် ဘိုင်ဒန်အစိုးရလက်ထက်တွင် ခိုလှုံခွင့် ရရှိခဲ့သူ ၅၀,၀၀၀ ကျော်ကို သက်ရောက်မှုရှိနိုင်သည်။
(လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဆိုင်ရာ အေဂျင်စီ၏ ဖမ်းဆီးမှုများကို ရွှေ့ပြောင်းအခြေချသူများအရေး တက်ကြွလှုပ်ရှားသူများက နယူးယောက်မြို့တွင် ကန့်ကွက်ဆန္ဒပြနေကြသည်ကို နိုဝင်ဘာ ၂၉ ရက်က တွေ့ရပုံ၊ ဓာတ်ပုံ − AFP)
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: