ပြောရင်လဲ အောင်မင်းလွန်ရာ ကျပါလိမ့်မယ် (နွေဦးသစ္စာ)
Автор: ငွေမောင်းသံ မီဒီယာ
Загружено: 2025-03-07
Просмотров: 34808
Описание:
ဒီအချိန်မှာ မြူးနစ် ကမ္ဘာ့လုံခြုံရေးဆိုင်ရာ ညီလာခံမှာ NUG နိုင်ငံခြားရေးဝန်ကြီးရဲ့ တရုတ်ဆန့်ကျင်ရေး ရဲရဲတောက် ပြောဆိုမှု ပေါ်ထွက်လာခဲ့တာ ဖြစ်တယ်။ အင်္ဂလိပ်လို ပြောတာကလည်း သံတမန်စကား၊ ပညာရှိစကား မဟုတ်ဘဲ အရပ်သားပြော ပြောတဲ့အဆင့် ဖြစ်နေတယ်လို့ နားလည်သူတွေက ဆိုကြပါတယ်။ ဘယ်လိုပဲဖြစ်စေ ကမ္ဘာ့လူပုံလယ်မှာ အိမ်နီးချင်း အင်အားကြီးနိုင်ငံကို ဆန့်ကျင်ဖို့ မဟာမိတ်ရှာတယ်ဆိုတာက ကလေးကလား နိုင်ပြီး နိုင်ငံရေးအရ မဖွယ်မရာ ဖြစ်စေတာပါပဲ။ ဒီအချိန်မှာ ကိုယ့်ကို မကူရင်တောင် မဆန့်ကျင်ဖို့ ကြိုးစားရမှာက ရိုးရိုးလေး စဉ်းစားရင်တောင် သိနိုင်တာပါပဲ။ အဲဒီလို AC/BC နိုင်ငဲံရေးက မတက်ဘဲ ဖြစ်နေတာကို A နဲ့ B နိုင်ငံတွေ ကိုယ်တိုင်က ကြိုက်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ယူကရိန်း ဥပမာကိုပဲ ကြည့်ပါ။ လူရွှင်တော်နိုင်ငံရေးအတွက် ကမ္ဘာစစ်ဖြစ်တဲ့အထိ ဘယ်အင်အားကြီးကမှ အရောက်ခံမှာ မဟုတ်ပါဘူး။ အရင်ကလည်း ပြောခဲ့ဖူးတာတွေ ရှိခဲ့တဲ့အပြင် အခုလို အပြောတွေကြောင့် NUG အာဏာမရအောင် လုပ်ရေး တရုတ်ရဲ့ သန္နိဋ္ဌာန် ပိုခိုင်သွားနိုင်ပါတယ်။ ပြောတဲ့သူက မျက်ကန်း အမျိုးသားရေးသမားများရဲ့ ထောက်ခံသံတွေ ကြားမှာ ကျေနပ်နေနိုင်မှာ ဖြစ်ပေမယ့် တော်လှန်ရေးကတော့ လူတဦးတယောက်ကြောင့် ထိခိုက်နစ်နာစေမှာပါ။
~~~~~~~
နွေဦးသစ္စာ
#ငွေမောင်းသံ မီဒီယာ
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: