အကြင်သူသည် (စာရေးဆရာ သိုးဆောင်) | တင်ဆက်သူ မိုး
Автор: Voice of Treasure
Загружено: 2025-01-14
Просмотров: 7870
Описание:
"ဤသို့ဖြင့် ....
အကြင်သူသည် အချစ်လွန်၍
သတ်စရာမလိုပဲ သေဆုံးသွားလေသည်။"
အချစ်လွန်တဲ့ ဖြစ်ရပ်တွေ တကယ်ရှိသလား။
တကယ်ရှိတယ်လို့ရော ယုံကြည်လား။
သင်ရော အချစ်လွန်တဲ့အထိ ချစ်ဖူးလား။
"အကြင်သူသည်"ရဲ့ နန်းနွယ်ကတော့ အချစ်လွန်ခဲ့တယ်။ ချစ်တာမှ သူ့ရဲ့အချစ်ဟာ ရယူပိုင်ဆိုင်လိုစိတ်တွေ မဟုတ်ဘူး။ တဏှာရာဂတွေ မပါဝင်ဘူး။ ကိုယ်ချစ်တဲ့ ချစ်သူကို လုံခြုံစွာ၊ နွေးထွေးစွာ အိပ်စက်စေလိုသော စေတနာ။ ချစ်သူ မျက်လုံးမှိတ်စက်ရာမှ အနှောင့်အယှက် ဘေးအန္တရာယ်ကင်းစေလိုတဲ့မေတ္တာ။ ချစ်ခြင်းမေတ္တာတွေဟာ ဒီဘဝနဲ့တင် မလုံလောက်တော့ ထာဝရတည်တံ့နိုင်အောင် ချစ်ရစ်ခဲ့တဲ့ ကြက်သီးထဖွယ် ဇွဲလုံ့လ။ နန်းနွယ်ဟာ ချစ်တတ်လွန်းသူကြီး၊ ချစ်တတ်လွန်းသူကြီး.....။
ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်တဲ့အခါ၊ ပေးတဲ့အရာတိုင်းက တန်ပြန်မရှိလာတဲ့အခါ လူတိုင်းက သနားကြတယ်။ အချစ်ရှုံးသမားလို့ လူတိုင်းက ခေါ်ဆိုကြတယ်။ ဒါပေမယ့် နန်းနွယ်ကရော ယမင်းသူဇာရဲ့ အချစ်ကို တောင်းဆိုဖူးသလား။ ရယူလိုခဲ့ရဲ့လား။ နန်းနွယ်ဟာ ပေးဆပ်ရရုံနဲ့သာ ကျေနပ်နေသူပါ။ သူ့အချစ်ကို အသိအမှတ်ပြုနဲ့အနေနဲ့ နန်းနွယ်ကို အရှု့းသမားလို့ မခေါ်ဆိုပဲ မေတ္တာကြီးမားသူအဖြစ်သူ သတ်မှတ်စေချင်တယ်။
နောက်ပြီးတော့ ယမင်းသူဇာ။ ယမင်းရုပ်ကလေးလို လှတဲ့ယမင်းသူဇာ။ ဆုတောင်းမှားခဲ့ရှာသူလေး။ အာရုံငါးပါးမှာ အတွေ့အာရုံထူးကဲရှာပေမယ့် အကြောင်းမလှရှာတော့ နေ့ဘက်မှာ ဇာတ်မင်းသမီး၊ ညဘက်မှာ ခန္ဓာသည်ဖြစ်ရတယ်။ ကြမ်းတမ်းလွန်းတဲ့ ညတွေအလွန် နန်းနွယ်ဆိုတဲ့ သူဌေးသားလေးနဲ့တွေ့ပြန်တော့လည်း ချစ်ရသူက ရှိနှင့်ခဲ့ပြီ။ ယမင်းသူဇာအတွက်ဆို စည်းစိမ်တွေ ပုံအောပေးခဲ့သူ နန်းနွယ်။ ဆင်းရဲသွားတဲ့အခါ သူမကို ဆက်လက်ကာကွယ်နိုင်ပါဦးမလား။ နောက်ပြီး ကိုယ်က ချစ်ပါတယ်၊ ကိုယ့်ကိုချစ်ပါတယ်ဆိုတဲ့သူကရော မိဖုရားအဆောင်အယောင်တွေ ကတိတွေ ပေးခဲ့ပြီး ပြန်လာဦးမှာလား။ မျှော်ရဦးမှာလား။ လုံခြုံစွာ အိပ်ပျော်နိုင်သော ညတွေကရော ရှည်ကြာနိုင်ပါ့မလား.....။
(ဤဝတ္ထုဇာတ်လမ်းလေးအား Review ရေးသားခဲ့သော မူရင်းပိုင်ရှင်အား လေးစားစွာဖြင့်)
စာရေးဆရာ သိုးဆောင်း (အကြင်သူသည်)
တင်ဆက်သူ - မိုး @VoiceofTreasure
#myanmaraudiobooks #ဂျူး #ပုညခင် #လွန်းထားတား #အချစ်ဝတ္ထု #novel #audiobook #အချစ် #ရသစုံဝတ္ထုဇာတ်လမ်းစဆုံး #အိမ်ထောင်ရေးဇာတ်လမ်းကောင်း #အချစ်ဝတ္ထုတို #အချစ်ဝတ္ထုကောင်းများ #ဝတ္ထုတိုများ #novelaudiobook
#ဝတ္ထုaudio #ဝတ္ထုaudiobook #ဝတ္ထုဇာတ်လမ်းစဆုံး #လုံးချင်းဝတ္ထု #မြပုလဲခင်
#နိုင်းနိုင်းစနေ #ဗျူး #သိုးဆောင်း #တက္ကသိုလ်ဘုန်းနိုင် #voiceoftreasure #တင်ဆက်သူမိုး
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: