မြန်မာနိုင်ငံဟာ အရင်တုန်းကလဲ ချမ်းသာခဲ့သလို အခုလက်ရှိလဲ တကယ် ချမ်းသာပါတယ်
Автор: MYANMAR POWER (MYANMAR POWER)
Загружено: 2020-07-17
Просмотров: 27329
Описание:
အားလုံးပဲ မင်္ဂလာပါ၊ Myanmar Power Channelကနေကြိုဆိုလိုက်ပါတယ်။
ကျွန်တော်တို့ Channel နဲ့ Page ဟာ မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့
စစ်ရေး - စီးပွားရေး - နိုင်ငံရေး များကို အပြုသဘောဆောင်ပြီး
တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့အကြောင်းကို ပိုမိုသိရှိလိုပါက
ကျွန်တော်တို့ Channel နဲ့ Page ကို Subscribe နဲ့ Follow
လုပ်ထားဖို့ အကြံပြုပေးလိုပါတယ်။
ဒီနေ့တင်ဆက်ပေးမှာကတော့ ယခုလက်ရှိ
မြန်မာနိုင်ငံသည် တကယ်ချမ်းသာတဲ့နိုင်ငံတစ်ခုလား?
သို့မဟုတ်
မြန်မာနိုင်ငံသည် တကယ်ဆင်းရဲတဲ့နိုင်ငံတစ်ခုလား?
ဆိုတာကို ဖြေပေးသွားမဲ့ အစီစဥ်တစ်ခုလေးပဲ ဖြစ်ပါတယ်။
မဖြေခင်လေးမှာ မြန်မာ့သမိုင်းကြောင်းကိုတော့
အပေါ်ယံလေး သိဖို့လိုအပ်ပါလိမ့်မယ်။
လွန်လေခဲ့သော 11ရာစုအစောပိုင်းမှာ
ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သော
အနော်ရထာမင်း လက်ထက်တုန်းက မြန်မာတွေဟာ
ဘယ်လောက်ချမ်းသာခဲ့သလဲ၊ ဘယ်လောက်အင်အား
ကြီးထွားခဲ့သလဲ ဆိုတာ ပုဂံအင်ပါယာကြီးကို ကြည့်ရင်
သိနိုင်ပါတယ်၊
16ရာစုတွင် ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သော
ဘုရင့်နောင်မင်း လက်ထက် တောင်ငူအင်ပါယာကြီး နဲ့
1752 ခုနှစ် တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သော
အလောင်းမင်းတရားကြီး လက်ထက် ကုန်းဘောင်အင်ပါယာကြီးကို
ကြည့်ရင်လည်း
မြန်မာတွေဟာ အလွန်အင်အားကြီးထွားခဲ့သလို
အလွန်ချမ်းသာ ခဲ့တာကို လည်းမြင်တွေ့ရမှာပါ
အဲဒါဟာ မြန်မာတွေရဲ့ ဖျောက်ဖျက်လို့မရတဲ့
အစဥ်အလာကြီးခဲ့သော မြန်မာ့သမိုင်းကြောင်းပဲ
ဖြစ်ပါတယ်။
ကဲဒါဆိုရင် ယခုလက်ရှိ မြန်မာနိုင်ငံအကြာင်းကို
ဆက်ပြီးလေ့လာကြရအောင် - ပထမမေးခွန်းက
မြန်မာနိုင်ငံဟာ တကယ်ချမ်းသာတဲ့ နိုင်ငံတစ်ခုလား?
ဟုတ်ပါတယ် မြန်မာနိုင်ငံဟာ တကယ်ချမ်းသာတဲ့
နိုင်ငံတစ်ခုပါ
ဒါပေမဲ့ ချမ်းသာတယ်ဆိုတာကလည်း
အတိုင်းအတာ တစ်ခုအထိတော့မှန်ပါတယ်လို့
ပြောရမှာပါ မြန်မာနိုင်ငံကို ဘာတွေက ချမ်းသာစေတာလဲ။
အဲဒါတွေကတော့ ကျွန်တော်တို့ကို ဘိုးဘွားတွေ
ပေးခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သယံဇာတ အမွေတွေပဲ
ဖြစ်ပါတယ်။
ပြည်တွင်းမှာထွက်ရှိတဲ့ သယံဇာတတွေကတော့
ရွှေ/ငွေ/ ပတ္တမြား/နီလာ/ရေနံ/သဘာဝဓါတ်ငွေ့/ကျောက်စိမ်း
/စိမ်/ပုလဲ နဲ့ ကျွန်းသစ်/များဖြစ်ကြပါတယ်။
ယခုလက်ရှိအချိန်ထိ ကမ္ဘာမှာ
မြန်မာနိုင်ငံဟာ သယံဇာတတွေ အလွန်ပေါကြွယ်ဝတဲ့
နိုင်ငံစရင်းမှာ မြန်မာနိုင်ငံဟာ ရပ်တည်လို့နေပါသေးတယ်။
အဲဒါတွေဟာ မြန်မာနိုင်ငံကို ချမ်းသာစေတဲ့အတိုင်းအတာတစ်ခုပါ။
( အခွင့်ကြုံတုန်းလေး မြန်မာမှာရှိတဲ့ နိုင်ငံ့ခေါင်ဆောင်များကို
အကြံတစ်ခုပေးလိုပါတယ် အဲဒါတော့ ပြည်ထောင်စုအမွေအမြဲ
တည်တံ့စေ အဓိဋ်ဌာန်ပြုပေ ထိန်းသိမ်းစို့လေ ဆိုတဲ့ နိုင်ငံတော်
သီချင်းလေးထဲက စာသားလေးနဲ့ပဲ အကြံပြုလိုက်ပါတယ် )
ဒါဆိုရင် မြန်မာနိုင်ငံဟာ ဘာကြောင့်ချမ်းသာလဲ
ဆိုတာ သိသွားလောက်ပြီလို့ ထင်ပါတယ်။
ကဲဒါဆိုရင် ဒုတိယ မေးခွန်းကို ဆက်လိုက်ရအောင်
ဒုတိယ မေးခွန်းကတော့
မြန်မာနိုင်ငံဟာ တကယ်ဆင်းရဲတဲ့ နိုင်ငံတစ်ခုလား?
ဟုတ်ပါတယ် မြန်မာနိုင်ငံဟာ တကယ်ဆင်းရဲတဲ့ နိုင်ငံတစ်ခုပါ
ဆင်းရဲတယ်ဆိုတာ အတိုင်းအတာတစ်ခုအထိပဲ မှန်ပါတယ်လို့
ပြောချင်ပါတယ်။ မြန်မာနိုင်ငံကို ဆင်းရဲစေတဲ့ အကြောင်းရင်း
ကတော့ နိုင်ငံတော်ရဲ့ GDPနည်းလို့ပါ။ GDP ဆိုတာဘာလဲ
GDPဆိုတာ နိုင်ငံတော်ရဲ့ ဝင်ငွေပါ။
မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံတစ်ခုပါ။လို့ မကြားချင်ရင်တော့
GDPတက်အောင် မြန်မာနိုင်ငံသားများ လုပ်ရပါလိမ့်မယ်။
GDPတက်အောင် ဘယ်လိုလုပ်ရမလဲ
မြန်မာတွေပိုင်ထုတ်ထားတဲ့ ပြည်တွင်းထုတ်ကုန်များကို
နိုင်ငံခြားကို များများပြားပြား တင်ဖို့ရောင်းချနိုင်အောင်
ကြိုးစားရပါမယ်။
မြန်မာနိုင်ငံသားအားလုံးက ပြည်တွင်းမှာထုတ်လုပ်ထားတဲ့
စားကုန်သောက်ကုန် နဲ့ အဝတ်အထည်များကို
ဝယ်ယူသုံးစွဲရပါမယ်။
အာလူးကြော်မုန့် ဝယ်စားချင်ရင်တော့ ပြည်တွင်းမှာထုတ်တဲ့
အာလူးကြော်မုန့်ကို ဝယ်စားပါလို့ပြောပါရစေ။
Made in Myanmar ဆိုတဲ့စာတန်းလေးပါမှ
ဝယ်ယူသုံးစွဲမှသာလျှင် နိုင်ငံတော်ရဲ့ GDPလည်း များလာမှာ
ဖြစ်ပါတယ်။
GDPများလာရင် ဘာလုပ်လို့ရလဲ ဆိုရင်တော့
မြန်မာနိုင်ငံသားတွေ လိုလားတောင်းတနေကြတဲ့
ခေတ်မှီလွန်းလှတဲ့ လမ်း-တံတားကြီးတွေ
ခေတ်မှီလွန်းလှတဲ့ ပန်းခြံကြီးတွေ မြေအောက်ရထားတွေ
မိုးပျံရထားတွေ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့
အထပ်မြင့် အဆောက်အအုံကြီးတွေ
အလုပ်မရှိတဲ့ မြန်မာနိုင်ငံသားများ အတွက်ကတော့
စက်ရုံကြီးတွေ-မြန်မာနိုင်ငံသားများပိုင်တဲ့
ကုမ္ပဏီတွေပေါများလာမှာ ဖြစ်ပြီး
အလုပ်မရှိတဲ့ မြန်မာနိုင်ငံသားများ ကိုယ်စီ အလုပ်ရရှိလာမှာ
ဖြစ်ပါတယ်။
နည်းပညာတွေလဲ မြင့်မားလာတော့မှာဖြစ်တဲ့အတွက်
စစ်ရေး - စီပွားရေး - နိုင်ငံရေး တွေလဲ ပိုမိုကောင်းမွန်လာ
ဖြစ်ပါတယ်။အဲဒီအချိန်ကြရင် မြန်မာနိုင်ငံဆင်းရဲတယ်ဆိုတာ
ပုံပြင်လေးတစ်ပုဒ်လို ဒဏ္ဏာရီဆန်ဆန်လေး ကျန်ရင့်ခဲ့မှာပါ။
အဆုံးသတ် အနေနဲ့ အာဆီယံနိုင်ငံတွေရဲ့
GDP နှိုင်းယှဥ်ချက်များကို တင်ဆက်ပေးမှာပါ
2019 GDP စရင်းအရ
အင်ဒိုနီးရှား. - 1.Trillion
ထိုင်း. - 583.Billion
မလေးရှား. - 416.Billion
စင်ကာပူ. - 494.Billion
ဖိလင်ပိုင် - 358.Billion
ဗီယမ်နမ် - 278.Billion
မြန်မာ. - 78.Billion
ကမောဒီးယား - 28.Billion
လာအို - 20.Billion
ဘီရူးနိုင်း - 15.Billion
တို့ပဲဖြစ်ကြပါတယ်။
ဒီvideo လေးက မြန်မာနိုင်ငံရဲ့ GDPတက်လာဖို့ ရည်ရွယ်ထားပါ
လို့ပြောရင်း
ဒီvideo လေးကို ဒီနေရာလေးမှာဘဲ နိကုံးချုပ်လိုက်ပါတယ်။
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: